Skip to content

သခင်ယေရှုသည် လူသားအားလုံးအတွက် အသေခံစွန့်လွှတ်သော ပူဇော်သက္ကါအဖြစ် လူသားအားလုံးကိုရဲ့ ယိုယွင်းနေသောအရာများကို ပြုပြင်ပီး ဘုရားသခင်နှင့် ပြန်လည်ဆက်သွယ်နိုင်ဖို့ လောကကိုလာခဲ့ပြီးတယ်။ ထိုအစီအစဉ်ကို လူ့သမိုင်းအစမှာကတည်းက ကြေငြာထားခဲ့ပြီးဖြစ်ပါသည်။ သခင်ယေရှု အသေခံမည့် မောရိတောင်အားပြညွှန်ပြီး အာဗြဟံ၏ ပူဇော်သက္ကါပြုခြင်း အမှုအား ဖြင့်ဘုရားသခင်က အမှတ်ပြုခဲ့ပြီးဖြစ်သည်။ ထို့နောက်တွင် ဂျူးလူမျိုးများ၏ ပဿခါပွဲအားဖြင့် သခင်ယေရှု အသေခံမည့်နေ့၊လ၊ရက်တို့အား နိမိတ်ကြိုတင်ပြထားခဲ့သည်။

သူ၏ပူဇော်ဖြင်းက ဘာကြောင့်အလွန် အရေးပါရပါသလဲ။ ဤသို့မေးခြင်းသည် အလွန်အဖိုးတန်သော မေးခွန်းပြုခင်းဖြစ်ပါသည်။ သမ္မာကျမ်းတွင်ပြဌာန်းထားသော  နိယာမတခု ရှိပါသည်။

အပြစ်တရား၏အခကားသေခြင်းပေတည်း။ (ရောမဩဝါဒစာ ၆:၂၃)

သေခြင်းကို စာအားဖြင့် ကွဲကွာခြင်းဟု ဆိုနိုင်ပါသည်။ ကျွန်ုပ်တို့၏ ဝိညာဉ်သည် ကျွန်ုပ်တို့ ခန္ဓာနှင့် ကင်းကွာသွားလျှင် ခန္ဓာသေသွားမည် ဖြစ်သည်။ ထို့အတူ ကျွန်ုပ်တို့သည် ယ္ခုအခါ ဘုရားသခင်နှင့် ဝိညာဉ်သဘောအရ ဝေးကွာလျှက်ရှိပါသည်။ မှန်ပါသည်။ ကျွန်ုပ်တို့သည် ဖန်ဆင်းခြင်း၏ မူလအဖြစ်မှ ရွေ့လျောကာ ဖေါက်ပြန်ပြီး အပြစ်၌ ရှိနေသော်လည်း ဘုရားသခင်သည် အပြစ်မရှိ၊ သန့်ရှင်းသည်။ ဤအရာကို အလွန်နက်သော တွင်းဖြင့်ပိုင်းခြားထားသော ဘုရားသခင်နှင့် ကျွန်ုပ်တို့ တဖက်စီရှိနေသော ချောက်ကမ်းပါး ပုံဖြင့် ပြနိုင်ပါသည်။ အပင်မှ ခုတ်ပြစ်ခြင်း ခံရသော အကိုင်းသည် သေသွားသကဲ့သို့ ဘုရားသခင်နှင့် အဆက်ပြတ် ကင်းကွာသွားသော ကျွန်ုပ်တို့သည် ဝိညာဉ်သေလျက်ရှိသည်။

ကျွန်ုပ်တို့၏အပြစ်များသည်ချောက်ကမ်းပါးနှစ်ခုကိုခွဲခြားသကဲ့သို့ဘုရားသခင်နှင့်ကျွန်ုပ်တို့ကိုသီးခြားစီခွဲထုတ်သည်

ဤကွဲကွာခြင်းသည် အပြစ်နှင့် ကြောက်ရွံ့ခြင်းကိုဖြစ်စေသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ကျွန်ုပ်တို့သည် သေခြင်းဖက်(သေတတ်သောဖက်) မှနေ၍ ဘုရားရှိသောဖက် သို့ရောက်စေရန် မိမိတို့ဖက်မှ တံတားထိုးရန် ကြိုးစားလေ့ရှိသည်။ တံဆားထိုးရန် ကျွန်ုပ်တို့ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြသည်။ ဘုရားကျောင်းတက်ခြင်း၊ ဘာသာတရားကိုင်းရှိုင်းခြင်း၊ ကောင်းမွန်စွာနေထိုင်ခြင်း၊ ဆင်းရဲဒုက္ခရောက်သူကို ကူညီမစခြင်း၊ တရားဘာဝနာ အားထုတ်ခြင်း၊ သူတပါးကို ပိုပြီးကူညီတတ်စေရန်ကြိုးစားခြင်း၊ ပို၍ဆုတောင်းခြင်း စသည်ဖြင့်။ အထူးသဖြင့် အော်သိုဒေါ့၊ ကာသိုလစ်၊ ဒါမမဟုတ် နှစ်ခြင်းစသည့် ခရစ်ယာန် အသင်းတော်များ ရှိသော လူမှုအသိုင်းအဝနးထဲရှိ နေရာ‌ ဒေသများတွင် လူအများစုသည် ဘုရားသခင်က ကောင်းမှုကုသိုလ် ရဖို့ရန် ကောင်းသော အရာများပြုလုပ် စေချင်သည် ဟူ၍ထင်မြင်ကြသည်။ ထိုသို့ ကောင်းမှုကုသိုလ်ရရန် အလွန်ခဲယဉ်းပါသည်။ ကောင်းမှုကုသိုလ် ရဖို့ ကျင့်ကြံနေထိုင်ရသည်မှာလည်း အလွန်ပင် ရှုပ်ထွေးလှသည်။ အောက်ကပုံတွင် ယင်းကိစ္စကို ပြထားသည်။

ကောင်း‌သောအရာများကို ကြိုးစားလုပ်ဆောင်ခြင်း- အသုံးဝင်ကောင်း ဝင်နိုင်ပါသည်-ဘုရားသခင်ထံ ရောက်သည်အထိ ကျွန်ုပ်တို့ကို ပို့ဆောင်နိုင်ခြင်းမရှိ

ကျွန်ုပ်တို့ပြုသော ကြိုးစားခြင်း၊ ကောင်းမှု၊ ကုသိုလ် အစရှိသည် အရာများသည် မှားယွင်းသော လုပ်ဆောင်မှုများမဟုတ်ပေ။ ပြသနာမှာ ကျွန်ုပ်တို့အပြစ်အတွက်‌ ပေးရသော အခသည် သေခြင်းဟူသော ကြီးမားသော အရာဖြစ်နေခြင်းက ပြသနာဖြစ်သည်။ ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများသည် ပထမတွင် အဆင်ပြေသလိုရှိသော်လည်း အဆုံးတွင် ဘုရားသခင်ထံ မရောက်နိုင်သော အရာများသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းမှု ကုသိုလ်များသည် ကျွန်ုပ်တို့၏ မူလပြသနာကို မဖြေရှင်းနိုင် သောကြောင့် ဖြစ်သည်။ ဤသို့ပြုခြင်းသည် ကင်ဆာရောဂါကို ကုသရန် အသီးအရွက် သားသတ်လွတ် စားသလိုပင် ဖြစ်သည်။ သားသတ်လွတ် စားခြင်းသည် မကောင်းသော ကိစ္စမဟုတ်ပါ။ ကောင်းသော ကိစ္စပင် ဖြစ်နိုင်သည်။ သို့သော် ဤအရာသည် ကင်ဆာရောဂါကို ကုသသည့် နည်းလမ်းမဟုတ်။ ကင်ဆာရောဂါကို ကုသမည်ဆိုလျင် သားသတ်လွတ်စားခြင်းနှင့် လုံးဝ မတူခြားနားသော နည်းလမ်း လိုပေမည်။

ဤနိယာမတရားသည် ဆိုးရွားသော သတင်းစကား ဖြစ်သည်။ ဤအရာသည် အင်မတန် ဆိုးရွားလှသဖြင့် ကျွန်ုပ်သည်သည် ဤအရာကို မကြားလိုသည့်အပြင် ကျွန်ုပ်တို့သည်ဤနိယာမတရားပျောက်ကွယ်သွားမည်ဟု မျှော်လင့်လျက် မိမိတို့ကိုယ်ကို အလုပ်ရှုပ်အောင် လုပ်ထားကြသည်။ သို့သော် သမ္မာကျမ်းစာက ဤအပြစ်နှင့် သေခြင်းနှင့် စပ်ဆိုင်သော နိယာမတရားကို ပိုမို မြင်သာထင်သာအောင် လုပ်ပြီး ကျွန်ုပ်တို့၏ စိတ်အာရုံ စူးစိုက်မှုကို လွယ်ကူပြီး စွမ်းအားပြင်းသော ဖြေရှင်းမှု ထံရောက်အောင် လုပ်ထားသည်။

အပြစ်တရား၏ အခကားသေခြင်းပေတည်း။ သို့သော်… (ရောမဩဝါဒစာ ၆:၂၃)

ထို သို့သော် ဟူသည့် သေးငယ်သော စကားလုံးသည် ဆိုလိုရင်း အဓိပ္ပါယ်ကို ပြသနာပို ကုသပေးနိုင် သောအရာဖြစ်သော ဘုရားသခင်၏ သတင်းကောင်းထံ ဦးတည်စေသည်။ ထိုသတင်းကောင်းသည် ကောင်းမြတ်ခြင်းနှင့်  ဘုရားသခင်၏ မေတ္တာနှစ်ခစလုံးကို ဖေါ်ပြသည်။

အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။ (ရောမဩဝါဒစာ ၆:၂၃)

သခင်ယေရှု၏ အသေခံခြင်းသည် ဘုရားသခင်နှင့် အပြစ်ရှိသော လူသားကြားဆက်သွယ်ပေးနိုင်သည်အထိ လုံလောက်သည် ဟူသော သတင်းကောင်းသည် ဧဝံဂေလိ တရားမှ ပေးသော သတင်းကောင်းဖြစ်သည်။ သခင်ယေရှုသည် အသက်စွန့်ပြီးသောအခါ သုံးရက်မြောက်သော နေ့တွင် ရုပ်ခန္ဓာသည် သေခြင်းမှထမြောက်ခဲ့ပြီး အသက်ပြန်ရှင်ခဲ့သည်။ ကျွန်ုပ်တို့အများစုသည် ဤအသက်ရှင်မှု၏ သက်သေသက္ကာယများကို မသိကြပါ။ အလွန်အားကောင်းသော ကိစ္စတခုကို တက္ကသိုလ်တခု၏ သင်ခန်းစာတခုတွင် ကျွန်တော်ပြခဲ့သော ဤရုပ်ရှင် တွင် ကြည့်နိုင်သည်။ သခင်ယေရှု၏ အသေခံခြင်းသည် အာဗြဟံ၏ ပူဇော်သက္ကါပြုခြင်း၊ ပဿခါပွဲ အစရှိသည်တို့တွင် ကြိုတင် နမိတ်ပြုခဲ့သည်။ ကျွန်ုပ်တို့၏ အပြစ်ကို ကုသရန် ဆေးကိုရှာဖွေတွေ့နိုင်ရန် သခင်ယေရှုကို ညွှန်ပြသော လက္ခဏာများကို ထိုအမှု များတွင် ထည့်သွင်းထားသည်။

သခင်ယေရှုသည် အပြစ်မရှိသော အသက်ရှင်ခြင်းဖြင့် အသက်ရှင်ခဲ့သော လူသားတဦးဖြစ်သည်။ထို့ကြောင့်သူ သည် ဘုရားသခင်ရှိသောဖက်နှင့် လူသားရှိသောဖက် နှစ်ဖက်စလုံးကို လက်လှမ်းမှီသူဖြစ်သည်။ ထို့ကြောင့် ထိုကွဲကွာနေသော နှစ်ဖက်ကို ဆက်သွယ်ပေးနိုင်သည်။ အောက်တွင်ပြထားသော ပုံအတိုင်း သခင်ယေရှုအား တံတါးအနေဖြင့် ပုံဖေါ်နိုင်သည်။

သခင်ယေရှုသည် လူနှင့် ဘုရားကြား တွင်းနက်ကြီးကို တံတားထိုးပေးသူဖြစ်သည်။

သခင်ယေရှုသည် လူနှင့် ဘုရားကြား တွင်းနက်ကြီးကို တံတားထိုးပေးသူဖြစ်သည်။

သခင်ယေရှု၏ အသက်စွန့်ခြင်းကို ကျွန်ုပ်တို့အား မည်သို့ ပြုပေးခဲ့သည်ကို သတိပြုမိပါစေ။ ဤအရာကို မေတ္တာလက်ဆောင်အနေဖြင့် ပေးခြင်းဖြစ်သည်။ လက်ဆောင်ဆိုသောအရာကို စဥ်းစားကြည့်ပါ။ မည်ကဲ့သို့သော လက်ဆောင်ဖြစ်ပါစေ လက်ဆောင်သာ ဖြစ်ရိုးမှန်ပါလျှင် ယင်းလက်ဆောင်အတွက် သင်၏ကြိုးပမ်းအားထုတ်မှု၊ ကုသိုလ်ကောင်းမှုဖြင့် ကြိုးပမ်းအားထုတ် ရယူရန်မလို။ အကယ်၍လိုအပ်ပါကလည်း ထိုအရာကို လက်ဆောင်ဟု မသတ်မှတ်နိုင်ပေ။ သင့်ကြိုးစားအားထုတ်မှု၏ ရလဒ်သာ ဖြစ်သည်။ ထိုအတူ သခင်ယေရှု၏ အသကစွန့်ကယ်တင်ခြင်းကို သင်၏ အားထုတ်မှု၊ ကုသိုလ်ကောင်းမှုဖြင့် ရယူခြင်းငှါ စွမ်းနိုင်မည် မဟုတ်။ ထိုမျှအဖိုးထိုက်သော အရာကို လက်ဆောင်အနေဖြင့် ပေးခြင်းဖြစ်သည်။ ရိုးရိုးရှင်းရှင်းလေး သာဖြစ်ပါသည်။

ကျွန်ုပ်တို့ ယခုပြောနေသော လက်ဆောင်သည် အဘယ်အရာနည်း။ “ထာဝရ အသက် ” ဟူသည့်အရာဖြစ်ပါသည်။ သင်နှင့် ကျွန်ုပ်ကို အသက်ဆုံးစေသော အပြစ်သည် ယခုအခါ ပယ်ရှင်းခြင်းခံရပြီ ဖြစ်သည်။ သခင်ယေရှုခင်းပေးသော အသက်တံတါးသည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် ပြန်လည် အဆက်ရစေပြီး ထာဝရတိုင် ရှင်သန်စေသော အသက်ကို ရစေသည်။ ဘုရားသခင်သည် သင်နှင့် ကျွန်ုပ်ကို ထိုမျှလောက်ချသ်တော်မူသည်။ ထိုအရာသည် အလွန်တန်ခိုး စွမ်းပကားကြီးသည်။

သင်နှင့်ကျွန်ုပ်သည် ထိုအသက်တံတါးကို ဖြတ်ကူးကြမည်နည်း?။ လက်ဆောင်အကြောင်း တဖန်ပြန်စဥ်းစားကြည့်ပါ။ သင့်အားတစုံတယောက်က လက်ဆောင်ပေးပါက သင်အနေဖြင့် လက်ခံမှရပေမည်။ တစ်စုံတစ်ယောက်မှ လက်ဆောင်ပေးလာသည့်အခါတိုင်း ကျွန်ုပ်တို့ ရွေးချယ်စရာ နှစ်ခုရှိမည်။ လက်ဆောင်ကို ငြင်းပယ်မည်။ သို့မဟုတ် လက်ခံမည်။ ထိုကြောင့် ယခုလက်ဆောင်ကိုလည်း လက်ခံမှပင် ရရှိမည်ဖြသ်သည်။ စိတ်နှလုံးထဲမှ ယုံကြည်ရုံ၊ နားလည်ရုံ၊ လေ့လာသိရုံဖြင့် မလုံလောက်ပေ။ ဘုရားသခင်ဖက်သို့ မျက်နှာပြုလျက် ကျွန်ုပ်တို့ အသက်တံတါးပေါ်လျှောက်လှမ်း ကာာဘုရားသခင်၏ လက်ဆောင်ကို လက်ခံရယူပုံဖြင့် အောက်တွင် ပုံဖေါ်ပြထားသည်။

Slide4

သခင်ယေရှု၏ အသေခံ ခြင်းသည် ကျွန်ုပ်တို့ အားလုံး တစ်ယောက်မကျန် လက်ခံရမည့် လက်ဆောင်ဖြစ်သည်။

သို့ဖြစ်လျှင် ဤလက်ဆောင်ကို ကျွန်ုပ်တို့မည်သို့ ရယူမည်နည်း? ကျမ်းစာက ဤသို့ဆိုပါသည်၊

ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူအပေါင်းတို့ကို အစိုးရသော အရှင်တစ်ပါးတည်းရှိ၍၊ ကိုယ်တော်ကို ပတ္ထနာပြုသော သူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။- ရောမဩဝါဒစာ ၁၀:၁၂

ဤကတိတော်သည်လူသားအားလုံးအတွက်ဖြစ်ကြောင်း သတိပြုပါ။ သေခြင်းမှ ထမြောက်သောကြောင့် သခင်ယေရှုသည် အသက်ရှင်လျှက်ရှိပြီး သူသည် အုပ်စိုးသော အရှင်လည်းဖြစ်သည်။ ထို့ကြောင့် သူ့အားသင်ခေါ်ပါက သူသည်သင်၏ အသံကိုကြားပြီး သူ၏လက်ဆောင်ကိုပေးမည် ဖြစ်သည်။ သူနှင့်စကားပြောခြင်းဖြင့် သူ့အား မေးပါ။ သင့်အနေဖြင့် တရံတခါမျှ လုပ်ဖူးမည် မဟုတ်ပေ။ အောက်တွင် သင့်မား ကူညီပေးမည့် ဆုတောင်းချက်တခုပါပါသည်။ ဂါထာ မန္တရားမဟုတ်၊ မှော်ပဥ္စလက်စကားများမဟုတ်ပဲ သူ၏လက်ဆောင်အားကျွန်ုပ်တို့ ရယူရန် အာဗြဟံ၏ ယုံကြည်မှုကဲ့သို့သော သူ့အပေါ်ထားသော ယုံကြည်မှုသာဖြစ်သည်။ ကျွန်ုပ်တို့ ယုံကြည်ခြင်းဖြင့် ရွတ်ဆိုပါက သခင်ယေရှုက ကြားမည်ဖြစ်ပြီး အဖြေပေးမည်ဖြစ်သည်။ ကယ်တင်ခြင်းတရားသည် တန်ခိုးကြီးသော်လည်း ရိုးရိုးရှင်းရှင်းသာ ဖြစ်ပါသည်။

သင့်အနေဖြင့် ဤဆုတောင်းချက်အပေါ်တွင်  လွတ်လပ်စွာ စိတ်ထား၍ ရွတ်ဆို ဆုတောင်းနိုင်ပါသည်။

သခင်ယေရှု၊ ကျွန်တော်သည် အပြစ်ရှိပြီး အပြစ်ကြောင့် ဘုရားသခင်နှင့် ဝေးကွာလျှက်ရှိကြောင်း သဘောပေါက်ပါ၏။ ကျွန်ုပ်မည်မျှပင်ကြိုးစားသော်လည်း ကျွန်ုပ်ဖက်က ကြိုးစားခြင်း၊ ကောင်းမှုကုသိုလိပြုခြင်း အားဖြင့် ထိုဝေးကွာခြင်းကို ပြန်လည် ပြုပြင် အဖတ်ဆည်မရ‌နိုင်ကြောင်းသဘောပေါက်ပါသည်။ သခင်၏ အသေခံခြင်းအားဖြင့် ကျွန်ုပ်အပြစ်များ ဆေးကြောခံရကြောင်း နားလည်ရပါ၏။ သခင်က အသေခံပြီး သုံးရက်မြောက်‌သောနေ့မှာ အသက်ပြန်ရှင်သောကြောင့် သခင်၏ အသေခံခြင်းသည် ကျွန်ုပ်အတွက်လုံလောက်ကြောင်း သိရပါ၏။ ထာဝရအသက်ရဖို့ ကျွန်ုပ်၏အပြစ်များကျု ဆေးကြေ။ပေးလျှက် ဘုရားသခင်နှင့် ပြန်လည်ဆက်သွယ်နိုင်သော အခွင့်ကိုရစေပါ။ အပြစ်‌၏စေစားခြင်းကိုခံရသော အသက်တာ၌ ဆက်လက်အသက်ရှင်သန်လိုခြင်း မရှိပါ။ ထို့ကြောင့် အပြစ်မှ ကျွန်ုပ်ကို ကယ်လွှတ်တော်မူပါ။ သခင်ယေရှု‌ ကျွန်ုပ်အတွက် ကိုယ်တော်ပြုတော်မူသော အရာများအားလုံးအတွက် ‌ကိုယ်တော်ကို ကျေးဇူးတင်ပါ၏။ ကျွန်ုပ်ကို အရှင်သခင်အဖြစ် အုပ်စိုး၍ လမ်းပြတော်မူပါ။

အာမင်။

ဗမာထဲတွင် ကိုနားထောငျ